လွတ်လပ်တဲ့ ကမ္ဘာမှာ သရော်ခြင်း ဟာသလိုအပ်ခြင်း။
ကျွန်ုပ်တို့ အသက်ရှူတဲ့ လေကို လိုအပ်သလိုပဲ ကျွန်ုပ်တို့ ဟာသကိုလည်း လိုအပ်ပါတယ်လို့ ပြောသူကတော့ ကာတွန်းဆရာ အယ်ဒီတာ Patrick Chappatte ပါ။ အာဏာရှင်တွေနဲ့ အတွေးအမြင်စနစ်တစ်ခုကို တရားသေ စွဲနေသူတွေမှသည် ဆယ်ဖီတွေရိုက်သူတွေနဲ့ လူမှု မီဒီယာ လူအုပ်တွေအထိ အကုန်လုံးကို ပြင်းပြင်းထန်ထန်ဝေဖန်တဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုမှ စိတ်ဝင်စားဖွယ် အကောင်းဆုံးတွေနဲ့ သရုပ်ဖော်ထားတဲ့ ဟောပြောချက်တစ်ခုထဲမှာ Chappatte ကနေပြီး သရော်ခြင်းရဲ့ မရှိမဖြစ်လိုအပ်ချက်အတွက် အံ့ချီးလောက်ပြီး မကြာခဏတော့ အလွန်ကို ရယ်စရာကောင်းလှတဲ့ ကိစ္စတစ်ရပ်ကို တင်ပြထားပါတယ်။ " နိုင်ငံရေး ကာတွန်းတွေဟာ ဒီမိုကရေစီနဲ့အတူ မွေးဖွားလာခဲ့ပြီး လွတ်လပ်မှုရှိတဲ့အခါမှာ သူတို့ဟာ စိန်ခေါ်ခံရတယ်"လို့ သူက ဆိုပါတယ်။

