လူသားတွေဟာ အရင်ကထက် အသက်ပိုရှည်နေသရွေ့၊ ခန္ဓာကိုယ်ထဲ အစားထိုး ကုသမှုတွေ လုပ်ဆောင်နေသရွေ့၊ ဒီပစ္စည်းတွေက တာရှည်ခံဖို့ လိုအပ်တယ်လို့ ဇီဝအင်ဂျင်နီယာ Nina Tandon ဆိုပါတယ်။ ပင်မဆဲလ်တွေနဲ့ ဒစ်ဂျစ်တယ် ဖန်တီးမှုကို အသုံးပြုရင်း သူက ပျက်စီးသွားတဲ့ အရိုးတွေ၊ အရိုးနုတွေနဲ့ အပြည့်အဝ အံကျပြီး တစ်သက်လုံး ခိုင်တဲ့ နောက်ထပ် ထည့်သွင်းတာတွေနဲ့ အစားထိုးရင်း လူ့ကိုယ်ခန္ဓာအတွက် ခန္ဓာဗေဒအရ တိကျမှန်ကန်တဲ့ အပိုအစိတ်အပိုင်းတွေ ဖြစ်ထွန်းဖို့ လုပ်ဆောင်နေတာပါ။
