ဖန်တီးတည်ဆောက်ထားတဲ့ တစ်ရှူးတွေကို ပြုစုစောင့်ရှောက်ခြင်း။
တစ်ရှူး အင်ဂျင်နီယာနဲ့ TED ဝိုင်းတော်သား Nina Tandon ဟာ နှလုံးအတုတွေနဲ့ အရိုးတွေကို ပျိုးနေပါတယ်။ ဒါကို လုပ်ဖို့ သူဟာ သဘာဝကိုတုပ ပျိုးယူထားတဲ့ ဆဲလ်တွေကို ပြုစုစောင့်ရှောက်ဖို့ နည်းလမ်း သစ်တွေ လိုအပ်နေပါတယ်၊ ဆဲလ်တွေရဲ့ သဘာဝ ဝန်းကျင်တွေကို ပုံတူပွားထားတဲ့ ရိုးရှင်းပေမဲ့၊ အစွမ်းထက်တဲ့ နည်းလမ်းနဲ့ သူ တီထွင်ခဲ့တဲ့ နည်းစနစ်တွေပါ။
