ဘာကြောင့် ကြောင်ဆေးပင်က ကြောင်တွေကို အရူးအမူး ဖြစ်သွားစေတာလဲ။
ကြောင်တွေ ပြသတဲ့ နားလည်ရခက်တဲ့ အပြုအမူတွေ အများကြီးထဲက အထူးဆန်းဆုံးတစ်ခုကတော့ အပင်မျိုးစိတ်တစ်ခုကို စွဲလမ်းနေတာပါ။ အနံ့လေး တစ်ချက် ရှူမိလိုက်တာနဲ့တင်၊ အေးဆေးအတည်ငြိမ်ဆုံး ကြောင်တောင်မှ အလွန်အမင်း သာယာမိန်းမောပြီး ကုတ်တာ၊ သွားရည်ကျတာ၊ ကိုက်တာနဲ့ လူးလွန့်တာတွေ စလုပ်လာနိုင်ပါတယ်။ ဒါဆို ကြောင်တွေက ဘာလို့ ကြောင်ဆေးပင်ကို ဒီလောက် အရူးအမူး ဖြစ်ရတာလဲ။ ယာ့ပ် ဒီ ရိုဒီကနေပြီး ဒီဆေးပင်က ကျွန်တော်တို့ရဲ့ ကြောင်သူငယ်ချင်းတွေကို ရူးသွပ်မတတ် စိတ်ကြွသွားစေတဲ့ စိတ်ဝင်စားစရာ အကြောင်းရင်းကို မျှဝေထားတာပါ။
[ Héloïse Dorsan-Rachet က ရိုက်ကူးပြီး Alexandra Panzer က ဇတ်ကြောင်းပြောကာ၊ André Aires က တေးဂီတကို ဖန်တီးထားပါတယ်။]
