ဝေလငါးတွေကို စကားပြောဖို့ ကျွန်ပ်တို့ သင်ယူနိုင်လား။
သတ္တဝါတွေဟာ ဆက်သွယ်နေကြပါတယ်။ ဒါပေမဲ့ သူတို့ ဘာကို ပြောနေကြသလဲ။ ကျွန်ုပ်တို့ သူတို့တွေကို ပြန်ပြောနိုင်လား။ အဏ္ဏဝါ ဇီဝဗေဒပညာရှင် David Gruber ကနေပြီး Project CETI ကို မိတ်ဆက်ပေးထားပါတယ်။ (ဦးခေါင်းမှ ဖယောင်းပါသော အဆီတစ်မျိုး ထုတ်ယူရရှိနိုင်သော) ဝေလငါး ဘာသာစကားကို အဓိပ္ပါယ်ပြန်ဖို့ မျှော်လင့်နေတဲ့ သိပ္ပံပညာရှင်တွေ၊ ဘာသာဗေဒပညာရှင်တွေနဲ့ AI အထူးကျွမ်းကျင်သူတွေရဲ့ အသင်းတစ်သင်းပါ။
coda လို့ သိကြတဲ့ သန်းချီတဲ့ ဝေလငါးတွေရဲ့ အသံထုတ်ပုံတွေကို ကောက်ယူ၊ စိစစ်သရုပ်ခွဲဖို့ နှောင့်ယှက်မှုမပေးတဲ့ စက်ရုပ်တွေနဲ့ စက်သင်ကြားရေး အယ်လ်ဂိုရစ်သမ်ကို အသုံးပြုရင်း အသင်းဟာ ဒီခမ်းနားတဲ့ သတ္တဝါတွေရဲ့ ဆက်သွယ်ရေး တည်ဆောက်ပုံတွေနဲ့ ဒေသိယစကားတွေကို ရှင်းရှင်းလင်းလင်းဖြစ်စေဖို့ ရည်ရွယ်တယ်။ ဖြစ်နိုင်ရင်တော့ မျိုးစိတ်အချင်းချင်း ဆက်သွယ်ရေး ကုဒ်ကို ဖော်ထုတ်ဖို့တောင်ပါ။ ( ဤရည်မှန်းချက်ကြီးသော အစီအစဉ်သည် ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုကို စေ့ဆော်ကာ ရံပုံငွေထောက်ပံရန် TED ၏ ပဏာမခြေလှမ်း Audacious Project ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
