ဝေလငါး စကားပြောတာက ဘယ်လောက် အဆင့်မြင့်လာပြီလဲ။ David Gruber and Shane Gero
မြောက်ပစိဖိတ်မှာ ဝေလငါးဖမ်း သင်္ဘောတွေ စတင်မောင်းနှင်ပြီး မကြာခင်မှာ စိတ်ဝင်စားစရာကောင်းတဲ့ လားရာတစ်ခု ပေါ်ထွက်လာတယ်။ နှစ် အနည်းငယ် အတွင်း ၊ ဝေလငါးဖမ်းသူတွေဟာ သူတို့ရဲ့ အောင်မြင်တဲ့ တိုက်ခိုက်မှုတွေမှာ ၅၈ ရာခိုင်နှုန်း ကျဆင်းမှုကို တွေ့ရှိခဲ့တယ်။ (Sperm whales Sperm whales) ခေါင်းမှာ ဖယောင်းဆီပါတဲ့ ဝေလငါးတွေဟာ ရုတ်တရက် သတ်ဖြတ်ဖို့ ပိုခက်လာတယ်၊ သူတို့ဟာ ပုံမှန် ကာကွယ်ရေး စက်ဝိုင်းတွေ ဖွဲ့စည်းတာအစား လှေနဲ့ ဝေးရာကို စတင်ထွက်ပြေးကြတယ်။ ဝေလငါးတွေဟာ ဗျူဟာအသစ်တွေနဲ့ အချင်းချင်း ဆက်သွယ်နေခဲ့ကြတာလား။ David Gruber နဲ့ Shane Gero တို့ကနေပြီး စူးစမ်းစစ်ဆေးထားပါတယ်။
[သင်ခန်းစာကို David Gruber နဲ့ Shane Gero တို့က ပြုစုပြီး Anna Benner က ရိုက်ကူးထားတာပါ။]
