အနိုင်ကျင့်မှု ပျံ့နှံ့လာပုံနှင့် လူမှုရေးဆိုင်ရာ ရဲရင့်မှုက ဒါကို တားဆီးပေးပုံ
အနိုင်ကျင့်တာက ဘယ်လို အမြစ်တွယ်လာတာလဲ။ လူမှုရေးစိတ်ပညာရှင် အေမီ ကတ်ဒီဟာ သူ့ကို သိက္ခာချဖို့ စနစ်တကျလုပ်ဆောင်တဲ့ လှုပ်ရှားမှုတစ်ခုရဲ့ ပစ်မှတ်ဖြစ်လာခဲ့ရပြီးနောက်မှာ ဒီမေးခွန်းရဲ့ အတွင်းသဘောကို နားလည်လာခဲ့တယ်။ သူ့ရဲ့ ကိုယ်ပိုင် အတွေ့အကြုံနဲ့ နှစ်ပေါင်းများစွာကြာ သုတေသနကို အခြေခံရင်း၊ အနိုင်ကျင့်တာက ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုကို ပုံသွင်းခဲ့ပုံနဲ့၊ ဒါကို အဆုံးသတ်ဖို့ အချင်းချင်းအတွက် ရပ်တည်ပေးတဲ့ နေ့စဉ် လုပ်ရပ်တွေဖြစ်တဲ့ လူမှုရေးဆိုင်ရာ ရဲရင့်မှုကို တစ်ဦးချင်းစီက ကျင့်သုံးနိုင်ပုံအကြောင်း ရှင်းလင်းပြတ်သားတဲ့ စိတ်ဖြာလေ့လာချက်ကို သူက တင်ပြထားပါတယ်။
(မှတ်ချက်၊ -ဤဟောပြောချက်တွင် မိမိကိုယ်ကို အဆုံးစီရင်ခြင်းဆိုင်ရာ ဆွေးနွေးချက်များ ပါဝင်သည်။)

