မရေရာမှု သိပ္ပံပညာ၊ လျှို့ဝှက် ပူးပေါင်းကြံစည်မှု အယူအဆတွေရဲ့ ဇစ်မြစ်တွေ
တချို့ အမြင်သဘောထားတွေနဲ့ အယူအဆတွေက အခြားအရာတွေထက် ဘာကြောင့် ယုံကြည်ဖို့ ပိုလွယ်ကူတယ်လို့ ကျွန်တော်တို့ ထင်ကြတာလဲ။ သင်္ချာပညာရှင်နဲ့ TED ဝိုင်းတော်သာ Adam Kucharski ကနေပြီး၊ ရှင်းလင်းချက်အတွက် လူသား လိုအပ်ချက်က သိပ္ပံအပေါ် ယုံကြည်မှု၊ နည်းပညာကို ကြောက်ရွံ့မှုနဲ့ လျှို့ဝှက် ပူးပေါင်းကြံစည်မှု အယူအဆတွေအပေါ် ယုံကြည်မှုကို ပုံသွင်းပေးပုံကို ဖော်ပြရင်း၊ မရေရာမှု သိပ္ပံပညာကို စူးစမ်းလေ့လာထားတာပါ။

