မရေရာတဲ့ ကာလတွေမှာ မိခင်တစ်ယောက်လို တွေးပါ။
ကမ္ဘာ့ အပူတပြင်းအဖြစ်ဆုံး ကပ်ဆိုက်တဲ့ ကာလတွေကို ရင်ဆိုင်ဖို့ ရိုးစင်းပြီး အားကောင်းတဲ့ နည်းလမ်းတစ်ခု ရှိပါတယ်လို့ ပြောလာသူကတော့ အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူ Yifat Susskind ပါ။ မိခင်တစ်ယောက်လို တွေးပါတဲ့။ သူ ပြောတဲ့အတိုင်းဆို "မိခင်တစ်ယောက်လို သင်တွေးတဲ့အခါ စိတ်ကူးပေါက်ရာ အနည်းအကျဉ်း မဟုတ်ဘဲ အများအပြားရဲ့ လိုအပ်ချက်တွေကို သင် ဦးစားပေးတယ်လေ။" ဒီခံယူချက်ကို သရုပ်ထင်စေတဲ့ ကမ္ဘာတစ်လွှားက လူတွေရဲ့ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းတွေကို သူ မျှဝေပေးတုန်းမှာ လိုက်သွားလိုက်ပါဦး။ ဝေဒနာခံစားရခြင်းကို ကျော်လွန်ကာ မြင်ပြီး ပိုကောင်းတဲ့ ကမ္ဘာတစ်ခု တည်ဆောက်ဖို့ လုပ်ဆောင်ဖို့ ကူညီပေးနိုင်ပုံကို ပြသထားပါတယ်။

