"ပုံမှန်" ဆိုတာ ဘာလဲ၊ “ထူးခြားတယ်” ဆိုတာဘာလဲ။ Yana Buhrer Tavanier
“ပုံမှန်” ဆိုတဲ့ စကားလုံးကို "ထုံးစံ"၊ “မျှော်မှန်းထားသော” သို့မဟုတ် "မှန်ကန်သော" ဆိုတာတွေအတွက် ကြောင်းတူသံကွဲအဖြစ် မကြာခဏ သုံးလေ့ရှိကြပါတယ်။ ဒီဆင်ခြင်တွေးခေါ်မှုအရဆို လူအများစုဟာ ပုံမှန် သရုပ်ဖော်ချက်နဲ့ ကိုက်ညီသင့်ပါတယ်။ သို့သော် ကြိမ်ဖန်များစွာမှာတော့ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်၊ စိတ်နဲ့ အသိအမြင်တွေရဲ့ ပုံမှန်န် သရုပ်ဖော်ချက်လို့ ခေါ်တာတွေက ဘယ်သူနဲ့မှ လိုက်ဖက်မှု မရှိသလောက်ဖြစ်သွားပါတယ်။ ဒီတော့ ပုံမှန်က တကယ် ဘာကိုဆိုလိုသလဲ၊ ဒါကို သိပ်အများကြီး စိတ်ချယုံကြည်သင့်သလား။ Yana Buhrer Tavanier က စူးစမ်းလေ့လာထားပါတယ်။
[ Eoin Duffy က ရိုက်ကူးပြီး Pen-Pen Chen က ဇာတ်ကြောင်းပြောထားပါတယ်။တေးဂီတကိုတော့ Adam Alexander ၊ Bamm Bamm Wolfgang က ဖန်တီးထားတာပါ။ ]
