အကြမ်းမဖက် ဆန့်ကျင်ရေးကို ဥပဒေအဖြစ်ပြဌာန်းဖို့အတွက် ထိတ်လန့်စရာ လှုပ်ရှားမှု
၂၀၀၂ ခုနှစ်မှာ စူးစမ်းလေ့လာတတ်တဲ့ သတင်းစယဆရာ၊ TED ရဲ့ဝိုင်းတော်သား ဝေ(လ်) ပေါ့တာဟာ Chicago Tribuneသတင်းစာအတွက် သူရဲ့ပင်တိုင် သတင်းဆောင်းပါးတွေဖြစ်တဲ့ အပစ်အခတ်တွေ၊ လူသတ်မှုတွေအကြောင်းရေးသားခြင်းကို ခေတ္တရပ်နားလိုက်ဖို့ ဆုံဖြတ်ချက်ချခဲ့ပါတယ်။ တိရိစ္ဆာန်တွေကို စမ်းသပ်ခြင်းကိုဆန့်ကျင်တဲ့ အနီးအပါးက စည်းရုံးလှုံဆော်တဲ့ အဖွဲ့တစ်ခုကို သွားရောက်ကူညီခဲ့ပါတယ်။ သူပြောတာက "အပြုသဘောဆောင်တဲ့ တစ်စုံတစ်ရာကို ဆောင်ရွက်ဖို့အတွက် စိတ်ချရတဲ့ နည်းလမ်းတစ်ခုလို့ ကျွန်တော်ထင်မိပါတယ်။" အဲဒါအစား သူဟာ အဖမ်းခံရပါတယ်။ ဒီလိုနဲ့ပဲ ငြိမ်းချမ်းရေး ဆန္ဒပြမှုကို အကြမ်းဖက်ဝါဒအဖြစ် တံဆိပ်တပ်တဲ့ ကမ္ဘာတစ်ခုကို သူ့ရဲ့ နောက်ရှေ့ဆက်နေတဲ့ ခရီး တစ်ခုဟာ စတင်ခဲ့ပါတယ်။

