အိပ်ရေးပျက်ခြင်းက ဆယ်ကျော်သက် ဦးနှောက်ကို ထိခိုက်စေတာတွေ
1,685,403 plays|
ဝမ်ဒီ ထရိုဇယ်လ် |
TED-Ed
• November 2025
အမေရိကန် ဆယ်ကျော်သက်တွေကြားမှာ အိပ်ရေးပျက်တာက ကပ်ရောဂါတစ်ခုပါ။ ဆယ်ကျော်သက် ၁၀ ယောက်မှာ ၁ ယောက်ပဲ သိပ္ပံပညာရှင်တွေနဲ့ ကလေးအထူးကုဆရာဝန်တွေက အကြံပြုထားတဲ့ တစ်ည အိပ်ချိန် ၈ နာရီကနေ ၁၀ နာရီ ရရှိကြတယ်။ ဒါဆို ဘာတွေဖြစ်နေတာလဲ။ ဒီပြဿနာကို ဖြေရှင်းဖို့ ဘာအပြောင်းအလဲတွေ လုပ်နိုင်လဲ။ ဝမ်ဒီ ထရိုဇယ်လ်ကနေပြီး စောစော ကျောင်းစတက်ချိန်နဲ့ ပြည်သူ့ မူဝါဒက ဆယ်ကျော်သက်တွေ အလိုအပ်ဆုံး အချိန်တစ်ခုမှာ သူတို့ကို အိပ်ရေးပျက်စေပုံကို မျှဝေထားတာပါ။
Laura Jayne Hodkin က ရိုက်ကူးထားပါတယ်။