အရှိန်ကို လျှော့ချပြီး သင့်အနားမှာရှိတဲ့ လောကကို ကြည့်ရှုဖို့ ဖိတ်ခေါ်မှုတစ်ခုအတွင်းမှာ ဂရပ်ဖစ်ဆိုင်ရာ သတင်းစာသမား Wendy MacNaughton ကနေပြီး ပုံဆွဲခြင်းက လူသားဆန်တဲ့ စစ်မှန်တဲ့ ဆက်သွယ်မှုတွေကို နက်ရှိုင်းစွာ အစပျိုးပေးနိုင်ပုံကို သရုပ်ဖော်ပြထားပါတယ်။ စမ်းကြည့်ဖို့ အသင့်ပဲလား။ ခဲတံတစ်ချောင်းကို ကောက်ယူလိုက်ပြီး ဒီကြည်နူးဖွယ် ဟောပြောချက်ထဲမှာ MacNaughton နဲ့အတူ ပါဝင်လိုက်ပါ။ "ပုံဆွဲခြင်းဟာ ကြည့်ရှုခြင်းဖြစ်ပြီး ကြည့်ရှုခြင်းက ချစ်ခြင်းပါ" လို့ သူက ဆိုပါတယ်။

