သင့်ကိုယ်ပိုင်ဘဝမှာ ဘေးမှ ရပ်ကြည့်နေတာ ရပ်တန့်လိုက်ပါ။
"ဘဝဟာ တစ်နေရာမှ တစ်နေရာကို သွားနေတာမျိုးမဟုတ်ဘူး၊ ရှုပ်ထွေးနေတတ်တယ်" လို့ ဆိုလာသူကတော့ ရွက်လွှင့်ခြင်း အထင်ကရဖြစ်တဲ့ Tracy Edwards ပါ။ သူကနေပြီး ဆယ်ကျော်သက် ခွစာမလေးအဖြစ်ကနေ ပင်လယ်ပြင်တွေထဲက အခက်ထန်ဆုံး ပြိုင်ပွဲမှာ ပထမဆုံး အမျိုးသမီးတွေချည်းပါတဲ့ အဖွဲ့ရဲ့ မာလိန်မှူး ဖြစ်သွားခဲ့ပုံနဲ့ ကမ္ဘာတစ်လွှားမှာရှိတဲ့ လူငယ်တွေကို သူတို့ရဲ့ အိပ်မက်တွေကို အောင်မြင်စေဖို့ ကူညီနေပုံကိုလည်း ပြောပြထားတာပါ။

