သမိုင်းအကြောင်း တစ်ပိုင်း၊ ဂရပ်ပုံတွေကို ချီးကျူးဂုဏ်ပြုတဲ့ တစ်ပိုင်း ဖြစ်တဲ့ ဟောကြားခန်းထဲတွင် အချက်အလက်များဆိုင်ရာ ဒီဇိုင်နာ ဖြစ်သူ Tommy McCall ဟာ ဇယားများနဲ့ ဂရပ်ပုံများ ရာစုနှစ်နဲ့ချီ တိုးတက်ပြောင်းလဲလာခဲ့ပုံကို လေ့လာထားပြီး လှပတဲ့ ပုံစံများဖြင့် ဘယ်လိုရှုပ်ထွေးလှတဲ့ ဒေတာကို ပုံဖေါ်ပေးနိုင်ကြောင်းကို တင်ပြထားပါတယ်။ "ကျွန်ုပ်တို့ကို ပိုပြီး မြန်ဆန်စွာ စဉ်းစားနိုင်အောင်၊ စာတစ်အုပ်စာ အချက်အလက်တွေကို တစ်မျက်နှာတည်းနဲ့ ကြည့်ရှုနိုင်စေမဲ့ ဂရပ်တွေဟာ တွေ့ရှိမှု အသစ်တွေကို သော့ဖွင့်ပေးကြမယ့် သော့နဲ့တူပါတယ်"လို့ McCall က ဆိုထားပါတယ်။
