အချိန်ဆွဲတာဟာ အဓိပ္ပါယ်မရှိဘူးဆိုတာ Tim Urban သိပေမဲ့ ကိစ္စတွေပြီးပြတ်ဖို့ နောက်ဆုံးမိနစ်အထိ စောင့်တတ်တဲ့ အကျင့်ကို တစ်ခါမှ ဖြတ်မရနိင်ဘူးဖြစ်နေပါတယ်။ ရယ်မောစရာကောင်းပြီး ထိုးထွင်းအသိမြင်ပါတဲ့ ဒီဟောပြောချက်ထဲမှာ Urban ကနေပြီး YouTube စိတ်ကြိုက်ပွဲတော်ကြီးတွေ၊ Wikipedia ယုန်တိုးပေါက်တွေနဲ့ ပြတင်းပေါက်ကနေ ဖုတ်ပူမီးတိုက် ငေးကြည့်နေရချိန်တွေကနေ ကျွန်တော်တို့ကို ခရီးရှည်ကြီးတစ်ခုဆီ ခေါ်သွားပြီး ကျွန်တော်တို့တွေ တကယ့်ကို အချိန်ဆွဲနေတဲ့ အကြောင်းကို အချိန်မကုန်ခင်မှာ ပိုပြီးအပြင်းအထန် စဉ်းစားကြဖို့ အားပေးထားပါတယ်။
