ဆယ်စုနှစ်တွေအတွင်းမှာ ပထဆုံး ထုတ်ခဲ့တဲ့ စတူဒီယို တေးစုအတွက် ဂီတဆိုင်ရာ ဆန်သစ်ဖန်းတီးသူ Thomas Dolby ဟာဆိုရင် ပြန်လည်မွမ်းမံထားတဲ့ အသက်ကယ်လှေတစ်စီးရဲ့ ထူးခြားစွာ စေ့ဆော်မှုပေးတဲ့ အခင်းအကျင်းထဲမှာ တေးဂီတကို သီဖွဲ့နေခဲ့တာပါ။ ဒီမှာတော့ သူကနေပြီး အဲဒီ တေးစုကနေ ခမ်းနားထည်ဝါပြီး စိတ်အာရုံကို နှိုးဆွပေးတဲ့ သီချင်းတစ်ပုဒ်ကို ပွဲဦးထွက် တင်ဆက်ထားပါတယ်၊ အထင်ကရတစ်ယောက်နဲ့ တစ်ညတာအကြာင်းပါ။ သူ့ကို ခေတ်ပေါ် လေးဦးဂီတအဖွဲ့ Ethel ကနေပြီး နောက်ခံ တီးခတ်ပေးထားပါတယ်။

