ရည်မွန်မှုဟာ အယောင်အဆောင်တစ်ခုလား။
ရည်မွန်ဆိုတာ အတိအကျက ဘာလဲ။ ဒါက ဘာကို လိုအပ်လဲ။ သမိုင်းဆိုင်ရာ ထိုးထွင်းအမြင်တွေနဲ့ ပြည့်ကျပ်နေတဲ့ ဒီဟောပြောချက်ထဲမှာ နိုင်ငံရေးဆိုင်ရာ သဘောတရားပညာရှင် Teresa Bejan ကနေပြီး သဘောထားကြီးတဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ အခြေခံအုတ်မြစ်တစ်အနေနဲ့ရော၊ နိုင်ငံရေးဆိုင်ရာ ဘက်တော်သားတွေက ဆန့်ကျင်ဘက် အမြင်တွေကို နှုတ်ဆိတ်စေကာ ပယ်ချပုံတွေအဖြစ်ပါ ရည်မွန်မှုကို အသုံးပြုခဲ့ကြပုံကို ရှင်းပြထားပါတယ်။ "ရည်မွန်မှု ဆိုရုံမျှ" အစား မနက်ဖြန်မှာ တူညီတဲ့ ဘဝတစ်ခုရဲ့ ဖြစ်နိုင်ခြေကို မဖျက်ဆီးဘဲ အခြားသူတွေနဲ့ အခြေခံအားဖြင့် သဘောထားကွဲလွဲနိုင်ခြင်းရဲ့ အလေ့အထကောင်းတစ်ခုအတွက် ကြိုးစား သင့်တယ်လို့ Bejan အကြံပြုထားပါတယ်။ (ဤဟောပြောချက်တွင် ရင့်သီးသော စကားအသုံးအနှုန်းများပါဝင်သည်။)
