သင် အချိန်ဆွဲနေတဲ့ အစီရင်ခံစာက မနက်ဖြန် နောက်ဆုံးပါ။ စိတ်ပိုင်းဖြတ်ပြီး ကွန်ပြူတာကို ဖွင့်ကာ ဖုန်းကို စစ်ဆေးဖို့ အချိန်တန်ပါပြီ။ သင်အကြိုက်ဆုံး YouTube ချန်နယ်ကို ကြည့်ရှုနိုင်လောက်လား။ ဒါမှမဟုတ် မနက်ခင်းမှာ စတင်သင့်လား။ ဒါက အချိန်ဆွဲခြင်း သံသရာပါ။ ဒီတော့ ဒါက ကျွန်တော််တို့အတွက် မကောင်းမှန်းသိရင် ဘာလို့ အချိန်ဆွဲတာလဲ။ အချိန်ဆွဲခြင်းကို သင့်ခန္ဓာကိုယ်က တုံ့ပြန်ပုံနဲ့ ဒီသံသရာကိုချိုးဖျက်နိုင်ပုံအကြောင်းကို စူးစမ်းလိုက်ပါ။
[ Vitalii Nebelskyi၊ နဲ့ အက်ရှင်အေဂျင်စီ တို့က ရိုက်ကူးပြီး Jack Cutmore-Scott က ဇာတ်ကြောင်းပြောက Stephen LaRosa က တေးဂီတကို ဖန်တီးထားတာပါ။]
