ရှေးဟောင်းသုတေသနပညာရှင်တွေဟာ ရှေးဟောင်း ကမ္ဘာတစ်ဝှမ်းက အရုပ်တွေနဲ့ပတ်သက်ပြီး ရုပ်ဝတ္ထုပစ္စည်း၊ ရုပ်ပုံနဲ့ စာပေအရေးအသားဆိုင်ရာ အထောက်အထားတွေကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဘီစီ ၃၀၀၀ က အနာတိုလီယာမှာ၊ သေးငယ်တဲ့ အရုပ်မြင်းရထားလေးတွေဟာ မြေသားလမ်းပေါ်မှာ ပြေးလွှားနေခဲ့ကြတယ်။ နောက်ထပ် နှစ်ပေါင်းတစ်ထောင်အကြာ အိန္ဒုမြစ်ဝှမ်းမှာတော့ လမ်းလျှောက်တတ်စ ကလေးငယ်တစ်ယောက်ဟာ သူ့ရဲ့ရွှံ့ခရာသံကြောင့် တခစ်ခစ်ရယ်မောနေပါတယ်။ ဒါဆို သမိုင်းတစ်လျှောက် တခြား ဘယ်ကစားစရာတွေက ကျွန်တော်တို့ကို နှစ်သက်စေခဲ့တာလဲ။အရုပ်တွေ၊ ကစားနည်းတွေနဲ့ ကစားတဲ့ ဓလေ့ထုံးတမ်းတွေရဲ့ ရှေးကျတဲ့ ဇစ်မြစ်တွေကို ခြေရာခံကြည့်လိုက်ရအောင်။
Totem Creative ကနေ ရိုက်ကူးတင်ဆက်ထားတာပါ။
