လွန်ခဲ့တဲ့ ရာစုနှစ်အနည်းငယ် မတိုင်ခင်က၊ ကမ္ဘာတစ်ဝှမ်းက ကလေးတွေဟာ သူတို့ရဲ့ အချိန်အများစုကို ကစားရင်း သင်ယူခဲ့ကြတယ်၊ လူကြီးတွေကို လေ့လာ၊ အတုယူတာ၊ သူတို့ရဲ့ ပတ်ဝန်းကျင်မှာ လှည့်လည်စူစမ်းတာ၊ သူတို့ သင်ယူခဲ့တာတွေကို သူငယ်ချင်းတွေနဲ့ မိသားတွေနဲ့အတူ မျှဝေတာတွေပါ။ ကစားတာက ကျွန်တော်တို့မှာ ရှိတဲ့ အကောင်းဆုံးဆရာတွေထဲက တစ်ယောက်လို့ လူမှုအသိုက်အဝန်းတွေနဲ့ ပညာရေးသမား အများအပြားက ယုံကြည်ကြဆဲပါ။ ကျောင်းတွေမှာ ကိုယ်တိုင် ဦးဆောင်တဲ့ ကစားနည်း အခြေခံ သင်ယူမှုကို အသုံးပြုတာရဲ့ အကျိုးကျေးဇူးတွေနဲ့ စိန်ခေါ်မှုတွေကို စူးစမ်းလိုက်ပါဦး။
Hernando Bahamon၊ Vicente Numpaque က ရိုက်ကူးထားတာပါ။
