ထီပေါက်ပြီးနောက်မှာ၊ သင် လုပ်ရမယ့် ပထမဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခုက သင့်ရဲ့ ဆုငွေတွေကို ဘယ်လ်ို ပေးချေစေချင်လဲဆိုတာပါ။ နှစ် ၃၀ ကျော် နှစ်စဉ် အရစ်ကျ ပေးချေတဲ့ ဆုကြေးငွေ ပမာဏ အပြည့်အဝကို သင် ရွေးချယ်နိုင်တယ်။ ဒါမှမဟုတ် ချက်ချင်း ပေးချေတဲ့ အများကြီး ပိုနည်းတဲ့ တစ်ပေါင်းတည်းပေးတဲ့ ငွေကို ယူနိုင်ပါတယ်။ ဒါဆို ဘယ်ရွေးချယ်မှုက ပိုကောင်းလဲ။ နှစ်စဉ်ထုတ်ပေးငွေနဲ့ တစ်ပေါင်းတည်းငွေ ပေးချေမှုတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ ဂယက်ရိုက်ခတ်မှုတွေကို စူးစမ်းလိုက်ပါ။ [ Anton Bogaty က ရိုက်ကူးပြီး Addison Anderson က ဇာတ်ကြောင်းပြောကာ Cem Misirlioglu၊ Colin Brown က တေးဂီတကို ဖန်တီးထားတာပါ။ ]
