ကိုယ့်ကိုယ်ကိုယ် စကားပြောနေတာကို သူများသိသွားတာက ရှက်ကိုးရှက်ကန်းဖြစ်နိုင်ပြီး လူတချို့က ဒီအပြုအမူကို စိတ်မတည်ငြိမ်မှုရဲ့ လက္ခဏာတစ်ခုအဖြစ်တောင် ကဲ့ရဲ့ကြတယ်။ ဒါပေမဲ့ ဆယ်စုနှစ်ချီ သုတေသနပြုချက်တွေက ကိုယ့်ကိုယ်ကိုယ် စကားပြောတာက လုံးဝ ပုံမှန်ဖြစ်တယ်ဆိုတာ ဖော်ပြတယ်။ အားလုံးမဟုတ်တဲ့ ကျွန်တော်တို့ အများစုက နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် စကားပြောတဲ့ ပုံစံတစ်မျိုးမျိုးနဲ့ ပတ်သက်နေတာပါ။ ဒါဆို ဘာလို့ ကိုယ့်ကိုယ်ကိုယ် စကားပြောကြတာလဲ။ကျွန်တော်တို့ ပြောဆိုတာက အရေးပါသလား။ အပြုသဘောဆောင်တဲ့ ကိုယ့်ကိုယ်ကိုယ် စကားပြောဆိုတာရဲ့ စိတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးတွေကို စူစမ်းရှာဖွေလိုက်ပါ။ [Avi Ofer က ရီုက်ကူးပြီး Alexandra Panzer က ဇာတ်ကြောင်းပြောကာ CAMP Studio, Salil Bhayani က တေးဂီတကို ဖန်တီးထားပါတယ်။]
