၂၀၂၁ ခုနှစ်မှာ Parker Solar Probe က အပြင်ဘက်အကျဆုံး လေထုကို ကပ်ပျံရင်း နေကို ထိဖို့ ၎င်းရဲ့ အထူးတာဝန်ကို ပြီးမြောက်ခဲ့တယ်။ အဲဒီအချိန်ကတည်းက၊ နီးသထက်နီးကာ လမ်းကြောင်း ဖော်ခဲ့ပေမဲ့၊ အရည်ပျော်တာ၊ ပေါက်ကွဲတာ၊ ဒါမှမဟုတ် နေထဲကို ကျရောက်တာတွေ မဖြစ်ဘဲ၊ ရောင်ခြည်ဝန်းထဲကို ပိုနက်နက်ရှိုင်းရှိုင်း စူးစမ်းတာက ဧရာမ အင်ဂျင်နီယာ စိန်ခေါ်မှုတစ်ခုပါ။ ဒါက ဖြစ်နိုင်လား။ အထူးတာဝန်ရဲ့ အတားအဆီးတွေနဲ့ ဒီကြယ်ကြီးရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဒါက ဖော်ထုတ်နိုင်ပုံကို စူးစမ်းလိုက်ပါ။
[Igor Ćorić၊ Artrake Studio က ရိုက်ကူးပြီး Addison Anderson က ဇာတ်ကြောင်းပြောကာ Cem Misirlioglu၊ WORKPLAYWORK က တေးဂီတကို ဖန်တီးထားပါတယ်။ ]
