အာမီယာနဲ့ သူ့သူငယ်ချင်း၊ ဇယ်လ်ဘာတို့ဟာ တစ်နှစ်နီးပါး တစ်ပူးတွဲတွဲ ရှိခဲ့ကြတာပါ။ သူတို့က လျှို့ဝှက်ချက်တွေကို မျှဝေကြတယ်၊ ဂိမ်းတွေ အတူ ကစားပြီး စိတ်ကူးယဉ် နိုင်ငံတွေကို အတူ အုပ်စိုးကြတယ်။ အာမီယာမှာ တစ်ခါတစ်ရံမှာ မကောင်းတဲ့ စိတ်ကူးတွေရှိတတ်ပြီး ဇယ်လ်ဘာက ဘာပဲဖြစ်ဖြစ် ဒါတွေကို လိုက်လျောပေးတတ်တယ်။ အာမီယာက တကယ်ရှိနေပေမဲ့၊ ဇယ်လ်ဘာကတော့ တကယ်မရှိဘူး။ ဒါဆို၊ ဘာက ကလေးတွေကို ဒီလို စိတ်ကူးယဉ် ဇာတ်ကောင်တွေကို ဖန်တီးစေတာလဲ။ ကလေးတွေက ဘာကြောင့် စိတ်ကူးယဉ် အဖော်တွေကို ဖန်တီးပြီး ဒီလိုဟန်ဆောင် ကစားတာကနေ ဘာစွမ်းရည်တွေ သူတို့မှာ ဖွံ့ဖြိုးလာနိုင်လဲဆိုတာကို လေ့လာကြည့်လိုက်ပါ။ [Caitlin McCarthy က ရိုက်ကူးပြီး Alexandra Panzer က ဇာတ်ကြောင်းပြောကာ၊ Salil Bhayani, cAMP Studio က တေးဂီတကို ဖန်တီထားပါ]။
