ဒါက ပုံရိပ်ရှင် ဇာတ်လမ်းတွဲ ဖြစ်တဲ့၊ “အများရှေ့ ဟောပြောခြင်း ၁၀၁" ရဲ့ အပိုင်း ၆ ပါ။ စိတ်ကူးတွေက အရာရာကို ပြောင်းလဲစေပြီး ဘာသာစကားက စိတ်ကူးတွေကို မျှဝေခွင့်ပေးတာကြောင့် ဒါကို ကောင်းကောင်း အသုံးပြုနည်းကို လေ့လာတာက လူတွေကို လှုံ့ဆော်ဖို့နဲ့ သူတို့ တွေးခေါ်ပုံကိုတောင် ပြောင်းလဲစေဖို့ ဟောပြောသူတွေကို စွမ်းအားကို ပေးတယ်။ ဒီ အပိုင်း ၁၁ ပိုင်း သင်တန်းက လမ်းတစ်လျှောက်မှာ မရှိမဖြစ်လိုအပ်တဲ့ ဆက်သွယ်မှု စွမ်းရည်တွေကို ကျွမ်းကျင်စေရင်း၊ သင့်ရဲ့ အကောင်းဆုံး စိတ်ကူးတွေကို ဖော်ထုတ်၊ တိုးတက်ပြောင်းလဲကာ မျှဝေပုံကို သင်ကြားပေးမှာပါ။
[Tolga Yıldız၊ Kozmonot Animation Studio က ရိုက်ကူးပြီး Alexandra Panzer က ဇာတ်ကြောင်းပြောကာ Salil Bhayani, cAMP Studio က တေးဂီတကို ဖန်တီးထားပါတယ်။ ]

