၂၀၀၆ ခုနှစ် လေ့လာ မှုတစ်ခုက ခွဲစိတ်ကုသမှု အလုပ်သင် အတန်းတစ်တန်းကို ခေါ်ပြီး သူတို့ကို အုပ်စုနှစ်စု အဖြစ် ခွဲလိုက်တယ်။ တစ်ဖွဲ့စီဟာ တူညီတဲ့ လေ့လာရေး ပစ္စည်းတွေကို လက်ခံရရှိခဲ့ပေမဲ့ အုပ်စုတစ်စုကိုတော့ သီးခြား လေ့လာရေး နည်းစနစ်တွေကို အသုံးပြုခိုင်းတယ်။ နောက်တစ်လအကြာမှာ စစ်ဆေးတဲ့အခါ ဒီအုပ်စုဟာ တခြား အလုပ်သင်တွေထက် သိသိသာသာ ပိုကောင်းအောင် လုပ်ဆောင်ခဲ့ကြတယ်။ ဒီတော့ ဒီနည်းတွေက ဘာတွေလဲ။ ဦးနှောက်ပ သတင်းအချက်အလက်တွေကို သင်ယူ၊သိုလှောင်ပုံနဲ့ ဒါကို သင်ရဲ့လေ့လာမှု အကျင့်တွေမှာ အသုံးပြုချပုံကို စူးစမ်းလေ့လာလိုက်ပါ။
[ Biljana Labović က ရိုက်ကူးပြီး Addison Anderson က ဇာတ်ကြောင်းပြောထားတာပါ။]
