Dr. Jen Gunter နှှင့် ခန္ဓာကိုယ် အကြောင်းကို မိတ်ဆက်ခြင်း။
သစ်သီးရည် တစ်ခုခုကို သောက်သင့်တာလား။ တစ်ရက်ကို ရေရှစ်ခွက် တကယ် လိုအပ်လို့လား။ Dr. Jen Gunter ဒါက တကယ်ပဲ ကိုယ့်ရဲ့ ခုခံအားစနစ်ကို မြှင့်တင်ပေးလား။ သင်ဟာ သတင်းဖြစ်ရပ်တွေ၊ ကြော်ငြာတွေ၊ ကလည်း သင့်ကျန်းမာရေးကို ဘယ်လို တိုးတက်အောင် လုပ်ရမယ်ဆိုတာကို ပြောပြနေတဲ့လူမှု မီဒီယာ ရေးတင်မှုတွေနဲ့ အတောမသတ် တရစပ် ထိုးနှက်ခံရပါတယ်။ ဒါပေမဲ့ သိပ္ပံပညာကို နောက်ခံပြထားတယ်လို အယောင်ဆောင်ထားတဲ့ ဒီရင်းမြစ် အများအပြားမှာ နောက်ထပ် အစီအစဉ်တစ်ခုရှိပါတယ်။ ဒီမှာတော့ Dr. Jen Gunter ကနေပြီး သင့် ကျန်းမာရေးနဲ့ ပတ်သက်ပြီး သင့်ကို ပြောတဲ့ သင့်ကို ရောင်းလိုက်တဲ့ လိမ်ညာမှုတွေကို အဆုံးသတ်သွားစေဖို့ပါ။ သင့်ခန္ဓာကိုယ် ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို နားလည်ဖို့ သင့်ကို ကူညီရင်း အဲဒီမှာရှိတဲ့ လက်ပေါက်အကတ်ဆုံး ယုံမှားမှုတွေဟာ မမှန်ဘူးဆိုတာ ဖွင့်ချရင်းပါ။

