တစ်ပဲနိက သန်းကြွယ်သူဌေးလို ခံစားရဖို့ လုပ်ပေးပုံ။
ကလေးမလေး တစ်ယောက်အနေနဲ့ ယူကရိန်းက ချာနိူဗွိုင်း အလွန်ကာလက Tania Luna ဟာ နေရပ်ဒေသကို စွန့်ခွာပြီး အမေရိကမှာ နိူင်ငံရေးခိုလှုံခွင့်တောင်းယူခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူမနဲ့ သူမမိသားစု ခိုလှုံနေတဲ့ အိုးအိမ်မဲ့ဂေဟာရဲ့ ကြမ်းပြင်မှာ ပဲနိတစ်စေ့ကိုတွေ့လိုက်မိပါတယ်။ ဒီလိုချမ်းသာမှုမျိုး တစ်ခါမှ မခံစားခဲ့ဖူးဘူးလေ။ ကြည်နူးဖွယ်၊ ကြေကွဲဖွယ် ရောပြွမ်းနေတဲ့ ကလေးဘဝရဲ့ ပီတိလေးတွေအပေါ်မှာ အလေးအနက် ဆင်ခြင်မှု ကလေးတစ်ခုပါ၊ ဒါတွေကို စိတ်ထဲမှာ ဘယ်လိုများ ဆုပ်ကိုင်ထားသလဲဆိုတာပေါ့။
