စူဂါးတ မစ်ထရာ၏ မိမိကိုယ်ကို သင်ကြားခြင်း စမ်းသပ်မှု အသစ်များ။
ပညာရေး သိပ္ပံပညာရှင် စူဂါးတ မစ်ထရာက အလိုအပ်ဆုံးနေရာတွင် အကောင်းဆုံးဆရာများနှင့် ကျောင်းများ မရှိသည့် အကြီးကျယ်ဆုံးသော ပညာရေးပြဿနာတစ်ခုကို ကိုင်တွယ်ဖြေရှင်းလိုက်ပါသည်။ နယူးဒေလီ မှ တောင်အာဖရိက၊ တောင်အာဖရိက မှ အီတလီ အထိ လက်တွေ့ဘဝ အတွဲလိုက် စမ်းသပ်မှုများတွင် သူက ကလေးများအား အင်တာနက်ကို ကိုယ်တိုင်ကြီးကြပ်သုံးစွဲခွင့်ပေးလိုက်သောအခါ သင်ကြားခြင်းအကြောင်း ကျွန်ုပ်တို့တွေးခေါ်ပုံကို တော်လှန်နိုင်သည့် ရလဒ်များကို သူ တွေ့မြင်ခဲ့ရပါသည်။

