TED2013 စင်မြင့်ပေါ်မှာ Sugata Mitra က သူ့ရဲ့ TED ဆုရတဲ့ဆန္ဒလေးတစ်ခု အနေနဲ့ တိမ်လှိုင်း(Cloud) ပေါ်မှာ ကျောင်းဆောက်ဖို့ ကူညီပေးကြပါလို့ ရဲဝံ့စွ ာဆန္ဒပြုခဲ့တယ်။ Cloud ဆိုတာ အိန္ဒိယနိုင်ငံက သင်ကြားမှုစမ်းသပ်ခန်းဖြစ်ပြီး၊ Cloud ဆီက ပံ့ပိုးပစ္စည်းများ၊ လမ်းညွှန်မှုများဖြင့် ကလေးများက တစ်ဦးဆီမှတစ်ဦး လေ့လာသင်ယူကြတယ်။ သူ့ရဲ့ စိတ်ဓါတ် တက်ကြွဖွယ်စိတ်ကူးလေးဖြစ်တဲ့ ကိုယ်ထူကိုယ်ထ လေ့လာသင်ယူနိုင်တဲ့ ပတ်ဝန်းကျင် (SOLE) အကြောင်းကို နားထောင်ကြည့်ပြီး tedprize.org မှာလည်း ဆက်လက်လေ့လာနိုင်ပါတယ်။
