ဆင်ခြင်တုံတရားရဲ့ လက်လှမ်းမီရာ
ဒါကတော့ TED မှာ သက်ဝင်လှုပ်ရှား အရုပ်တွေနဲ့ ဆိုကရေးတီး အတွေးအခေါ်ဆန်တဲ့ အပြန် အလှန်ဆွေးနွေးခန်းမျိုး ပထမဦးဆုံး တစ်ခု ဆိုပါတော့။ ဆင်ခြင်တုံတရားမဲ့မှုက နိူင်ငံရေးနဲ့ ယဉ်ကျေးမှု နှစ်ခုစလုံးကို မင်းမူနေတဲ့ ကာလတစ်ခုမှာ ဆင်ခြင်လျက် စဉ်းစားတွေးခေါ်ခြင်းဟာ ၎င်းရဲ့ အာနိသင်ကို လုံး၀ ပျာက်ဆုံးသွားပြီလား။ စိတ်ပညာရှင် စတီဗင် ပင်ကာ (Steven Pinker) ကို ဒဿနပညာရှင် ရေဗက္ကာ နယူးဘယ်ဂျာ ဂိုးလ်(ဒ်)စတိန်း (Rebecca Newberger Goldstein) ကနေပြီး တဖြည်းဖြည်းနဲ့ ၊ ထူးခြားပြောင်မြေက်စွာ ဆွဲဆောင် အယုံသွင်းလိုက်တာ ကတော့ ၎င်းရဲ့ သက်ရောက်မှုတွေ ထုတ်ဖော်လှစ်ဟဖို့ကို မျိုးဆက်တွေနဲ့ ချီပြီး ကြာတာတောင်မှပဲ၊ တကယ်တော့ ဆင်ခြင်တုံတရား ဆိုတာဟာ လူသားဆိုင်ရာ ကိုယ်ကျင့်တရားတိုးတက်မှုမှာ အဓိက မောင်းနှင်သူဖြစ်တယ် ဆိုတာကိုပါ။ ဒီဆွေးနွေးခန်းကို TED မှာ တိုက်ရိုက် ရိုက်ကူးထားတာဖြစ်ပြီး၊ မယုံနိူင်အောင်ထူးခြားပြီး မကြာခဏ ရွှင်မြူးစရာကောင်းတဲ့ အနုစိတ်ရုပ်ပုံများကို အသက်ဝင် လှုပ်ရှားစေတာကတော့ Cognitive ကပဲဖြစ်ပါတယ်။

