အီးဒစ်ပတ်စ် အပေါ် ဘာတွေ တကယ်ဖြစ်ပျက်ခဲ့တာလဲ
1,434,895 plays|
Stephen Esposito |
TED-Ed
• June 2024
သီးဗ်စ် ပြည်ရဲ့ မိဖုရားကြီး ဂျိုကက်စတာဟာ အီးဒစ်ပတ်စ်ကို မွေးဖွားလိုက်တဲ့ အချိန်မှာပဲ ဆိုးရွားလှတဲ့ ကံကြမ္မာဆိုးကြီးက စတင် သက်ရောက်လာခဲ့ပါတယ်။ သူမရဲ့ ခင်ပွန်းဖြစ်သူ ဘုရင်လိုင်ရပ်စ်ဟာ အပိုလိုနတ်ဘုရားရဲ့ ရှေ့ဖြစ်ဟောဆရာထံကနေ မိမိရဲ့ ကိုယ်ပိုင်သားအရင်းလက်ချက်နဲ့ သေဆုံးရလိမ့်မယ်လို့ ဗျာဒိတ်တော် ကြားသိခဲ့ရပါတယ်။ ဒီကံကြမ္မာကနေ ရုန်းထွက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ လိုင်ရပ်စ်ဟာ မွေးကင်းစကလေးငယ်ကို စီသဲရွန်တောင်ပေါ်မှာ စွန့်ပစ်ခဲ့ပါတယ်။ ဒါပေမဲ့ နတ်ဘုရားတွေရဲ့ နိမိတ်ဖတ်ချက်တွေဟာ အတော်လေးကို ခေါင်းမာတတ်ကြပါတယ်။ စတီဖင် အက်စပိုဆီတိုက အီးဒစ်ပတ်စ်ရဲ့ ဝမ်းနည်းဖွယ် ဂရိဒဏ္ဍာရီဇာတ်လမ်းကို မျှဝေတင်ဆက်ပေးထားတာ ဖြစ်ပါတယ်။ [Directed by Yael Reisfeld, narrated by Addison Anderson, music by Stephen LaRosa].

