"ပါရီက မြေအောက် အရိုးတိုက်တွေရဲ့ ချောက်ချားစရာ သမိုင်း
272,062 plays|
Stephanie H. Smith |
TED-Ed
• April 2026
ရာစုနှစ်တွေချီကာ ပါရီမြို့သူမြို့သားတွေက Cemetery of the Innocents လို့ ခေါ်တဲ့ အပြစ်မဲ့သူတွေရဲ့ သုဿန် မှာ သေဆုံးသူတွေကို သင်္ဂြိုဟ်ခဲ့ကြတယ်။ ၁၈ ရာစု အရောက်မှာ၊ မြို့တော်တစ်ခုလုံးကို အနံ့ဆိုးတွေ ဖုံးလွှမ်းသွားရင်း၊ ဒီသင်္ချိုင်းမြေတွေက ပြည့်ကျပ်လာခဲ့တယ်။ ဒါက ပြည်သူ့ကျန်းမာရေးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်ခဲ့ကြပြီး အစိုးရဆီမှာ ဖြေရှင်းချက်တစ်ခုပေးဖို့ ပန်ကြားခဲ့ကြတယ်။ ဒါပေမဲ့၊ သန်းနဲ့ချီတဲ့ ဒီရုပ်ကြွင်းတွေကို ဘယ်နေရာကို သူတို့ ရွှေ့ပြောင်းကြမှာလဲ။စတက်ဖနီ ဟွန်ချဲလ် စမစ်ကနေပြီး ကျယ်ပြန့်တဲ့ မြေအောက်သင်္ချိုင်းတွေရဲ့ ကွန်ရက်ကို စူးစမ်းထားတာပါ။ [ Laura Jayne Hodkin က က ရိုက်ကူးပြီး Adrian Dannatt က ဇာတ်ကြောင်းပြောကာ၊ Cem Misirlioglu, Brooks Ball က တေးဂီတကို ဖန်တီးထားပါတယ်။ ]
