သတင်းတုများက တကယ့် အန္တရာယ်ပြုပုံ
၂၀၁၄ ဧပြီလ ၁၄ ရက်မှာ အကြမ်းဖက် အဖွဲ့အစည်း Boko Haram ဟာ နိက်ဂျီးရီးယားနိုင်ငံ Chibok မြို့က ကျောင်းသူ ၂၀၀ ကျော်ကို ပြန်ပေးဆွဲခဲ့တယ်။ ကမ္ဘာတစ်ဝှမ်းမှာ ဒီမှုခင်းဟာ #BringBackOurGirls ဆိုတဲ့ ဆောင်ပုဒ်နဲ့ စံနမူနာဖြစ်လာခဲ့တယ်။ ဒါပေမဲ့ နိုက်ဂျီးရီးယားမှာတော့ အစိုးရ အာဏာပိုင်တွေက မိန်းကလေးတွေကို ကယ်တင်ဖို့ အားထုတ် ဆောင်ရွက်မှုတွေလုပ်ဖို့ ဇဝေဇဝါဖြစ်ရင်း နှောင့်နှေးရင်း ဒီအမှုကို လိမ်ညာမှုလို့ ခေါ်ခဲ့ကြတယ်။ ဒီအားကောင်းလှတဲ့ ဟောပြောချက်မှာ သတင်းစာသမား Stephanie Busari ကနေပြီး သတင်းတုတွေရဲ့ ဘေးအန္တရာယ်နဲ့ ဒါကိုတားဆီးဖို့ ကျွန်ုပ်တို့ လုပ်နိုင်တာကို ရှင်းပြဖို့ Chibok ဝမ်းနည်းဖွယ်ရာ အဖြစ်ဆိုးကို ထောက်ပြလိုက်ပါတယ်။
