အချက်အလက်များကို မျှဝေပေးသင့်တဲ့ စစ်တပ်ထဲက ဖြစ်ရပ်
ဗိုလ်ချုပ် Stanley McChrystal က ၂၀၀၃ ခုနှစ်တွင် al Qaeda ကို စပြီး တိုက်ပွဲဝင်ခဲ့စဉ် သူ့စစ်ဆင်မှုများ အတွက် အချက်အလက်များ နဲ့ လျှို့ဝှက်ချက်တွေဟာ အသက်ပမာ အရေးပါခဲ့ကြပါတယ်။ သမရိုးကျ မဟုတ်ခဲ့တဲ့ တိုက်ပွဲ ပြီးဆုံးသွားတဲ့ နောက်မှာ၊ အရေးကြီးတဲ့ အချက်အလက်တွေကို လျှို့ဝှက်ချက်များ အဖြစ် သတ်မှတ် ထိန်းချုပ်ရေး ယဉ်ကျေးမှုဟာ လွဲမှားနေကာ လက်တွေ့မှာ တန်ပြန် အကျိုးဆုတ်ယုတ်မှုတောင် ရှိတယ်လို့ မြင်လာပါတယ်။ တိုတောင်းပေမဲ့၊ အားကောင်းလှတဲ့ ဒီဟောပြောခန်းမှာ McChrystal ဟာ အချက်အလက်တွေကို တက်ကြွစွာ မျှဝေပေးသင့်ကြောင်း တိုက်တွန်း ဆော်ဪထားပါတယ်။

