ကျွန်တော်တို့ရဲ့ လက်ဗွေရာတွေ ကျွန်တော်တို့ကို ထူးခြားစေတာတွေဆိုပေမဲ့၊ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေ၊ လူနေမှု ပုံစံတွေနဲ့ လုပ်ရိုးလုပ်စဉ်တွေကို ဖော်ပြတဲ့ မော်လီကျူးတွေအတွင်းမှာ ကွယ်ဝှက်နေတဲ့ သတင်းအချက်အလက်ကမ္ဘာတစ်ခုအတွက် အိမ်လည်းဖြစ်နေတယ်။ ဒီအာရုံကိုဖမ်းစားတဲ့ ဟောပြောချက်မှာ၊ ဓာတုဗေဒပညာရှင် Simona Francese ကနေပြီး အရင်က မဖြစ်နိုင်တဲ့ အသေးစိတ်ပြဖို့ မဖြစ်နိုင်တဲ့ လက်ဗွေရာတွေကို ခွဲခြမ်းစိတ်ဖြာတဲ့ နည်းပညာတစ်ခုဖြစ်တဲ့ mass spectrometry ကို အသုံးပြုရင်း ဒီသေးငယ် မှုန်မွှားတဲ့ သဲလွန်စတွေကို သူ လေ့လာပုံကို ပြသပြီး ဒီနောက်ဆုံးပေါ် မှုခင်းဆေးပညာသိပ္ပံက ရဲတပ်ဖွဲ့ဝင်တွေ ရာဇ၀တ်သားတွေကို ဖမ်းမိဖို့ ကူညီပုံကို သရုပ်ပြထားတာပါ။ (မှတ်ချက်၊ ဤဟောပြောချက်တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအကြောင်း ဖော်ပြချက်များ ပါဝင်သည်။)
