သင့် အိမ်ခြံနောက်ဖေးမှာ သစ်တော စိုက်ပျိုးနည်း
သစ်တောဆိုတာ လူတွေ နေထိုင်ရာဒေသများနဲ့ ကွာဝေးလျက် ကျယ်ပြန့်တဲ့ သဘာဝ အရင်းအမြစ် ဖြစ်ရန် မလိုပါဘူး၊ ကျွန်ုပ်တို့ဟာ သစ်တောတွောကို မြို့ထဲမှာတောင် စိုက်ပျိုးနိုင်ပါပြီ။ ဂေဟ စွန့်ဦးပညာရှင်နဲ့ TED လုပ်ကိုင်ဖေါ် Shubhendu Sharma ဆိုရင် မြေဆီလွှာ၊ အဏုဇီဝ အကောင်များနဲ့ ဇီဝဒြပ်ထုကို နည်းပညာသုံး မွမ်းမံပေးလျက် သိပ်ကို ထူထပ်ပြီး ဇီဝအကောင်တွေ မျိုးစုံတဲ့ ဒေသန္တရ သစ်တော အသေးစားတွေကို မြို့ပဒေသတွေမှာတောင် အောင်မြင်စွာ စိုက်ပျိုးနေသူပါ။ သင်ကလည်း အဲဒီလို အသေးစား သစ်တော ပါတီပွဲထဲ ပါဝင်ချင်ရင် နှစ် ၁၀၀ ကြာ ပျိုးထောင်ယူရမှာ ဖြစ်တဲ့ သစ်တောကို ၁၀ နှစ် အတွင်းမှာကို စိုက်ပျိုးယူပုံကို သူ တင်ပြထားတာ ကြည့်ရှုကြပါ။
