အရာတိုင်းကို "ဟုတ်ကဲ့ပါ" လို့ ပြောခဲ့တဲ့ ကျွန်မရဲ့ နှစ်။
Grey's Anatomy၊ Scandal နဲ့ How to Get Away With Murder နောက်ကွယ်က အထင်ကရ ဖြစ်သူ Shonda Rhimes ဟာ ရာသီတိုင်းမှာ နာရီ (၇၀) နှုန်းကျ ရုပ်မြင်သံကြားအစီအစဉ်အတွက် တာဝန်ရှိသူဖြစ်ပြီး သူမဟာ အလုပ်ကို မြတ်နိုးသူပါ။ သူမပြောတာက "ကျွန်မ အလုပ်ကို အပြင်းအထန်လုပ်နေတဲ့အခါ၊ ကျွန်မ အလုပ်ထဲမှာ စွဲနစ်သွားတဲ့အခါ ၊တစ်ခြား ဘာခံစားချက်မှမရှိတော့ဘူး တဲ့။ ဒီခံစားချက်အတွက် သူမမှာ အမည်တစ်ခုရှိပါတယ်။ "ဟင်"။ "ဟင်"ဟာ ဆေးဝါးတစ်မျိုးပါ၊ "ဟင်"ဟာ ဂီတတစ်ခုပါ၊ "ဟင်"ဟာ သူမရဲ့ နားထဲမှာတော့ ဘုရားသခင်ရဲ့ တီးတိုးသံပါ။ ဒါပေမဲ့ အဲ့ဒါ ရပ်သွားတဲ့အခါ ဘာဖြစ်တတ်လဲ။ သူမမှာ "ဟင်"ဆိုတာအပြင် ရှိသေးလား။ ဒီစိတ်လှုပ်ရှားစရာ ဟောပြောချက်မှာ သူမရဲ့ ဟုတ်ကဲ့ပါလို့ဆိုတဲ့နှစ် ကိုကျော်ဖြတ်ခဲ့တဲ့ ခရီးထဲတွင် Rhimes နဲ့ လက်တွဲ ပါဝင်လိုက်ပြီး သူမရဲ့ "ဟင်"ဆီကို ဘယ်လို ပြန်ခဲ့ပုံကို ရှာဖွေလိုက်ပါဦး။

