သင်ဟာ ဘယ်သူလဲ။ ဒီမေးခွန်းကို ဖြေဆိုဖို့ ပန်ချီပညာရှင် Shantell Martin ဟာ သူ့ရဲ့ မင်တံနောက်ကို လိုက်ခဲ့ပါတယ်။ Times Square ရဲ့ စခရင်တွေကနေ New York City Ballet ကချေသည်တွေရဲ့ ခန္ဓာကိုယ်တွေအထိ အရာတိုင်းကို ဖြတ်သန်းပြီး ရေးဆွဲထားတဲ့ သူ့ကိုယ်ပိုင် လက္ခဏာ စိတ်ကြိုက် ကောက်ကြောင်း လက်ရာကို အသားပေးဖော်ပြထားတဲ့ ဒီထူးခြားပြောင်မြောက်တဲ့ အမြင်ပိုင်း ဟောပြောချက်ထဲမှာ Martin ကနေပြီး ပန်းချီပညာကနေ လွတ်လပ်မှုနဲ့ ရှုထောင့်သစ်တစ်ခု သူတွေ့ရှိခဲ့ပုံကို မျှဝေထားပါတယ်။ ပုံဆွဲခြင်းဟာ သင့်လက်ကို သင့်နှလုံးသားနဲ့ ဆက်သွယ်ပေးပြီး ကမ္ဘာကြီးနဲ့ သင့်ရဲ့ဆက်သွယ်မှုကို ပိုနက်နဲစေနိုင်ပုံကို ရှုစားလိုက်ပါဦး။

