အလွန်အမင်းဆင်းရဲနွမ်းပါးမှုကို အဆုံးသတ်ဖို့ အဆင့်လေးဆင့်။
ကမ္ဘာတစ်ဝန်းမှာ အနည်းဆုံး လူဦီးရေ သန်း ၄၀၀နီးပါးဟာ အလွန်အမင်းဆင်းရဲနွမ်းပါးမှုအခြေအနေမှာ နေနေကြရပါတယ်- မျှော်လင့်ချက်နဲ့ လူ့ဂုဏ်သိက္ခာတွေကို လုယူသွားတဲ့ အလွန် ထိခိုက်လွယ်တဲ့ ငွေကြေးနဲ့ လူမှုဘဝဆိုင်ရာ အခြေအနေမျိုးပါ။ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးကို အဓိကထားတဲ့ နိုင်ငံတကာဖွံဖြိုးတိုးတက်မှုဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ BRACမှာ Shameran Abed နဲ့ အဖွဲ့ဟာ လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းက ကူညီဆွဲတင်ခဲ့ပြီး အခွင့်အလမ်းတွေပြည့်နှက်နေတဲ့ဘဝတွေကို ကူညီဖန်တီးပေးနိုင်ပြီးဖြစ်တဲ့ ရှုထောင့်ပေါင်းစုံပါဝင်တဲ့ အစီအစဥ်တစ်ခုကို အကောင်အထည်ဖော်ခဲ့ပါတယ်။ လာမည့် ၆နှစ်အတွင်း နောက်ထပ်လူဦးရေ ၂၁ သန်းကို ဘဝကိုပြောင်းလဲစေမယ့်အစီအစဥ်ထဲကို ဆွဲခေါ်လာနိုင်မယ့် အစိုးရတွေနဲ့ မိတ်ဖက်အဖြစ်လုပ်ဆောင်မယ့် သူတို့ရဲ့ ရဲဝံ့တဲ့ အဲ့ဒိအစီအစဥ်အကြောင်း လေ့လာကြည့်ရအောင်ပါ။ (ဒီရည်မှန်းချက်ကြီးတဲ့ အစီအစဥ်ဟာ ကမ္ဘာ့အပြောင်းအလဲကို တွန်းအားပေး ငွေကြေးထောက်ပံ့ပေးမယ့် TEDရဲ့ ပဏာမခြေလှမ်းတစ်ခုဖြစ်တဲ့ Audacious Project ရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။)
