အနိုင်ကျင့်သူတစ်ယောက်ကို လူရမ်းကား ဖြစ်မလာစေပဲ ဘယ်လို ရင်ဆိုင်မလဲ။ ပညာသားပါပြီး ခံစားချက်ပါတဲ့ ဒီဟောပြောချက်ထဲမှာ ငြိမ်းချမ်းရေး လှုပ်ရှားသူ Scilla Elworthy ကနေပြီး ကျွန်တော်တို့တွေ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို ပုံစံထုတ်ပြထားပါတယ်။ နိုင်ငံများ အနေနဲ့ရော တစ်ဦးချင်း အနေနဲ့ပါ အင်မတန် ပြင်းထန်တဲ့ အင်အားကို တန်ပြန်အင်အားမသုံးပဲနဲ့ တိုက်ခိုက်ဖို့ပါ။ အကြမ်း မဖက်တဲ့နည်းဟာ ဘာကြောင့်၊ ဘယ်လိုပုံ အလုပ်လုပ်တယ်ဆိုတာကို ဖြေဆိုဖို့ သူမဟာ သမိုင်းဝင် သူရဲကောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ မဟတ္တမ ဂန္ဒီ၊ နယ်လ်ဆင် မန်ဒဲလား တို့ကို သူတို့ရဲ့ ငြိမ်းချမ်းတဲ့ ဆန့်ကျင်မှုတွေကို မောင်းနှင်ပေးတဲ့ ကိုယ်ရေးဆိုင်ရာ ဒဿနတွေကို သတိရစေလိုက်ပါတယ်။

