မှုန်မွှားတဲ့ ဂြိုဟ်သားလေးများ ရှာပုံတော်။
နက္ခတ္တရူပဗေဒပညာရှင်နဲ့ TED ဝိုင်းတော်သား Sarah Rugheimer ဟာ ဂြိုဟ်သားတွေကို ရှာဖွေပါတယ်။ ဒါပေမဲ့ ကာတွန်းဆန်ဆန် အစိမ်းရောင် အမျိုးအစားတော့ မဟုတ်ပါ။ ဆဲလ်တစ်ခုတည်းသာရှိတဲ့ ဇီဝရုပ်တွေက ဓာတ်ငွေ့တွေ ထုတ်လွတ်ပုံကို လေ့လာရင်း သူ ရှာဖွေနေတာက အခြားကမ္ဘာဂြိုဟ်မှလာတဲ့ အဏုဇီဝရုပ်တွေပါ။ ဒါက စကြာဝဠာတစ်ခုလုံးမှာ သူတို့ရဲ့ သက်သေအထောက်အထားကို ဖော်ပြနိုင်လောက်တယ်။ စကြာဝဠာမှာ ကျွန်မတို့ချည်းရှိတာ တကယ်လားလို့ တွေးတာရင်း Rugheimer က အခြားကမ္ဘာတစ်ခုပေါ်မှာ သက်ရှိတွေရှိလားဆိုတာကို အတည်ပြုခြင်းအတွက် အတားအဆီး နှစ်ခုကို ဖော်ထုတ်ပြီး ဒါကို ရှာဖွေခြင်းကို ကျွန်ုပ်တို့အတွက် ဘာအဓိပ္ပာယ် သက်ရောက်နိုင်တယ်ဆိုတာရဲ့ ထိုးထွင်းအမြင်ကို ပေးထားပါတယ်။
