ရဲရင့်မှု၊ ထက်မြက်မှုနဲ့ ရူပေါလ် ချားလ်စ်။ On the Spot
TED ရဲ့ "On the Spot" အမြန် အမေး၊အဖြေ ပုံစံအသစ်ရဲ့ ပွဲဦးထွက်မှာ Emmy ဆုရ၊ ရုပ်မြင်သံကြား စူပါစတားနဲ့ မိန်းမလျာ အက အထင်ကရ ရူပေါလ် ချားလ်စ်က ရဲရင့်မှု၊ ထက်မြက်မှုနဲ့ နောက်ထပ် သူ့ရဲ့ ကိုယ်ပိုင်လက္ခဏာတွေဖြစ်တဲ့ ဇဝနဉာဏ်နဲ့ ဉာဏ်ပညာအကြောင်း မေးခွန်းတွေကို ဖြေကြားထားတာပါ။ ရူပေါလ်ရဲ့ ဉာဏ်ရည်ကို တစ်ချက်ကြည့်ပြီး မိန်းမလျာ အကရဲ့စွမ်းအား၊ လူတစ်ယောက် အထင်ကြီးစေဖို့ အကောင်းဆုံး နည်းလမ်း၊ အရေးကြီးဆုံး ပင်ကို စရိုက်နဲ့ သူ ပေးခဲ့ဖူးသမျှ အကောင်းဆုံး အကြံဉာဏ် အကြောင်း သူ့ရဲ့ အတွေးအခေါ်တွေကို နားထောင်လိုက်ပါဦး။ ( TED ရဲ့ Helen Walters နဲ့အတူ အလားတူ အမြန် အမေး၊အဖြေတစ်ခုလည်း ပါဝင်ပါတယ်။ )
