ကော်ပိုရေးရှင်းတွေ၊ အစိုးရတွေ၊ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေနဲ့ ပရဟိတအလုပ်တွေမှာ ဖြတ်သန်းခဲ့တဲ့ ကမ္ဘာအနှံ့ ခြေဆန့်နေတဲ့ သက်မွေးလုပ်ငန်းတစ်ခုအတွင်းက (Rosita Najmi )ရိုဆီတာ နာဂျမီဟာ ဒီလုပ်ငန်းတွေကြားမှာ ဘာသာပြန်တတဲ့အဖြစ်ကို မကြာခဏ ရောက်သွားလေ့ရှိတယ်။ ခေါင်းဆောင်မှု ပုံစံကို အာရုံစိုက်မယ့်အစား၊ ခေါင်းဆောင်မှု ဘာသာစကားတွေမှာ ကျွမ်းကျွမ်းကျင်လာတာကို တင်ပြထားပါတယ်၊ ဒါက လုပ်ငန်းအသီးသီးမှာရှိတဲ့ ပရိသတ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင်လုပ်ပြီး ရည်မှန်းချက်တွေကို စုပေါင်း အောင်မြင်အောင် ကူညီပေးနိုင်ပုံကို ရှင်းပြလိုက်တာပါ။
