သီးနှံ အာမခံ၊ မျိုးစေ့ချပေးသင့်တဲ့ အတွေးအခေါ်
အာဖရိကတိုက်ထဲက ဆာဟာရ သဲကန္တာရ ဒေသတဝှမ်းမှာ အသေးစား လယ်သမားတွေဟာ ဒေသဆိုင်ရာ နဲ့ အမျိုးသား စီးပွားရေးရဲ့ ကျော်ထောက်နောက်ခံတွေ ဖြစ်ကြပါတယ်။ ရာသီဥတုသာ မဖောက်ပြန်ခဲ့လို့ သီးနှံဖြစ်ထွန်းခဲ့မယ် ဆိုရင်ပေါ့လေ။ အဲဒီပြဿနာအတွက် အဖြေမှာ တိုက်ကြီး အတိုင်းအတာဖြင့် အာမခံ စနစ်ကို ပြုစုလျက် အကုန်အကျသက်သာစွာဖြင့် စီမံပေးရန်ပါပဲ။ ကင်ညာ နိုင်ငံသူ Rose Goslinga ဟာ သူ့အဖွဲ့နဲ့အတူ ရာသီအစပိုင်းတွင် မျိုးပင်စိုက်မရခဲ့တဲ့ လယ်သမားတွေအတွက် သမရိုးကျ မဟုတ်တဲ့ နည်းလမ်းကို တီထွင်ရှာနိုင်ခဲ့ပါတယ်။

