Ron Gutman ဟာ ပြုံးပြခြင်းနဲ့ပတ်သက်တဲ့ လေ့လာမှုတစ်လှေကြီးကို သုံးသပ်ပြီး အံ့ဩ၈ရာ ကောင်းတဲ့ ရလာဒ်တစ်ချို့ကို လှစ်ဟပြထားပါတယ်။ သင့်ရဲ့အပြုံးဟာ သင်ဘယ်လောက် အသက်ရှည်မယ်ဆိုတာအတွက် နိမိတ်လက္ခဏာဆိုတာရယ်၊ ဒီရိုးရှင်းတဲ့ အပြုံးလေးတစ်ခုဟာ သင့်ရဲ့ အလုံးစုံသော ကျန်းမာသုခအတွက် တိုင်းတာလို့ရနိုင်တဲ့ သက်ရောက်မှု တစ်ခုဖြစ်တယ် ဆိုတာကိုကော သိပါရဲ့လား။ ဒီဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာတဲ့ အပြုအမူအကြောင်းကို ပိုမိုလေ့လာရင်း သင့်မျက်နှာပြင်ပေါ်က ကြွက်သားအနည်းငယ်ကို ကွေးဖို့၊ ဆန့်ဖို့ ပြင်ဆင်လိုက်ပါဦး။
