လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ က အဲ့ဒိုမြို့ဟာ ဂေဟစနစ် ပြိုလဲလုနီးဖြစ်ခဲ့တယ်။ နှစ်ပေါင်းများစွာ အလွန်အကျွံ သစ်ခုတ်လှဲမှုက ဧရာမ သစ်တောပြုန်းတီးကို ဖြစ်စေခဲ့ပြီး မြို့တော်က သစ်ပြတ်လပ်မှု၊ ပြင်းထန်တဲ့ ရေတိုက်စားမှုနဲ့ မကြာခဏ ရေလွှမ်းမိုးမှုတွေ ကြုံတွေ့ခဲ့ရတယ်။ ဒါပေမဲ့၊ ဆယ်စုနှစ်အနည်းငယ်အတွင်းမှာပဲ၊ အဲ့ဒိုမြို့ဟာ သမိုင်းမှာ ရေရှည်ထိန်းထားပြီး အဖြစ်ထွန်ဆုံး မြို့တွေထဲက တစ်မြို့ဖြစ်လာတယ်။ ဒါဆို ဒါက ဘယ်လိုဖြစ်လာတာလဲ။ ရိုမန် ခရာ့ဇ်နာရစ်ကနေပြီး အီဒိုမြို့ရဲ့ စက်ဝန်းပုံဆောင် စီးပွားရေးအဖြစ် အသွင်ကူးပြောင်းမှုကို စူးစမ်းလေ့လာထားတာပါ။ [ Héloïse Dorsan-Rachet က ရိုက်ကူးပြီး Addison Anderson က ဇာတ်ကြောင်းပြောကာ André Aires က တေးဂီတကို ဖန်တီးထားပါတယ်။ ]
