တိရစ္ဆာန်တွေလို ရွေ့လျားနိုင်တဲ့ စက်ယန္တရားတွေရဲ့ အနာဂတ်။
ငါးတစ်ကောင်လို ၎င်းရဲ့ "အမြီး" ကို ဘေးတစ်ဖက်ကနေ တစ်ဖက်ကို ရွေ့လျားနေတဲ့ လှေတစ်စင်းကို မြင်ယောင်ကြည့်ပါ။ ဒါကတော့ TED ဝိုင်းတော်သား Robert Katzschmann ရဲ့ ဓာတ်ခွဲခန်းမှာ ဖန်တီးထားတဲ့ စက်အမျိုးအစားဖြစ်ပြီး၊ အသံတိတ် ကြွက်သားတွေတုတွေနဲ့ သဘာဝကျတဲ့ လှုပ်ရှားမှုတွေကို တုပထားတဲ့တဲ့ ပျော့ပျောင်းတဲ့ ခန္ဓာကိုယ်ရှိတဲ့ စက်ရုပ်တွေပါ။ ပိုနူးညံ့ပြီး အသက်ပါတဲ့ ပစ္စည်းတွေနဲ့ လုပ်ထားတဲ့ ပုံစံအသစ်တွေကို စွဲမက်ဖွယ် အသွင်ဆောင်ထားတဲ့ စက်တွေအတွက် သူံအမြင်ကို ပုံဖော်ထားပြီး ကမ္ဘာကြီးရဲ့ မသိသေးတဲ့ အစိတ်အပိုင်းတွေကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။
