LA Philharmonic အဖွဲ့ထဲက တယောပညာရှင်ဖြစ်တဲ့ Robert Gupta ဟာ သူတစ်ခါက အင်မတန်ထူးချွန်တဲ့ စိတ်ကစဉ့်ကလျားရောဂါသည် ဂီတပညာရှင်တစ်ယောက်ကို ပေးခဲ့ဖူးတဲ့ တယောသင်ခန်းစာတစ်ခုအကြောင်းနဲ့ သူသိမြင်လိုက်ရတာကို ပြောပြထားပါတယ်။ နောက်ပိုင်းမှာ စင်ပေါ်ကို ပြန်တက်လာပြီး Gupta ဟာ Bach ရဲ့ Cello Suite No. 1 က ခြေဆင်းတီးလုံးရဲ့ သူ့ကိုယ်ပိုင် သကေတပြုထားတဲ့ သံစဉ်တေးကို တီးခတ်ပါတယ်။

